နေပြည်တော် နိုဝင်ဘာ ၆
“ချစ်စရာ့အရွယ်ကစားကြမယ်”ကလေးအစီအစဉ်ကို MRTV HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသလျက်ရှိရာ နိုဝင်ဘာ ၈ ရက် (စနေနေ့)နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ အလုံမူလတန်းကြို ကျောင်းနှင့် အမှတ် (၆) မူလတန်းကြိုကျောင်း(လသာ)တို့မှ ကလေးငယ်များ ပါဝင်ကစားကြပုံများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ဆက်လက် ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါအစီအစဉ်ကို ကလေးများ ကိုယ်ခန္ဓာသန်စွမ်းပြီး စိတ်ရွှင်လန်းစေရန်၊ ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကလေးငယ်များအချင်းချင်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံတတ်စေရန် ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ စီစဉ်တင်ဆက်ခြင်းဖြစ်ပြီး MRTV App မှလည်း Streaming ထုတ်လွှင့်မည်ဖြစ်ရာ တစ်ချိန်တည်းကြည့်ရှုနိုင်မည်ဖြစ်သည်။
ထပ်မံပြသမည်
ယင်းအစီအစဉ်ကို MRTV App ၏ Youth Sector နှင့် MRTV Telegram တို့တွင်လည်း ဆက်လက်လွှင့်တင်မည်ဖြစ်၍ ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် MRTV Entertainment Channel တွင်လည်း နိုဝင်ဘာ ၉ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲတွင်လည်းကောင်း၊ MRTV - HD Channel တွင် နိုဝင်ဘာ ၁၀ ရက် (တနင်္လာနေ့) ညနေ ၄ နာရီသတင်းအပြီးတွင်လည်းကောင်း ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


