တောင်ငူ နိုဝင်ဘာ ၆

 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၄ ရက် ညပိုင်းက ဘုရားရင်ပြင်တော်၌ ကျင်းပရာ ဒေသခံပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

ထိုသို့ ကျင်းပရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့်ဇနီး၊ ဂေါပကအဖွဲ့ဝင်များနှင့် တောင်ငူမြို့သူ မြို့သားများက သာမညဖလအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင် ဆီမီးထွန်းညှိပူဇော်၍ ဒေသခံအဆိုတော်များ၏ ကပြသီဆိုဖျော်ဖြေခြင်းများကို ကြည့်ရှုအားပေးကြကာ တန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)