ချောင်းဦး နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့အကြိုအဖြစ် ဆန်၊ ဆီနှင့် ဗလာစာအုပ်များ လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ချောင်းဦးမြို့နယ် မြို့သစ်ရပ်ကွက်ရှိ မဟာဓမ္မာရုံ ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်အိတ် ၂၀ နှင့် ဆီပိဿာ ၃၀ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မြို့မရပ်ကွက် ရွှေသိမ်တော်ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသည့် ကျောင်းပြင်ပ ပညာရေး ကျောင်းသား ကျောင်းသူ ၂၆ ဦးအား ကျောင်းသုံး ဗလာစာအုပ် ၂၆ ဒါဇင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)


