ရန်ကုန် နိုဝင်ဘာ ၆
(၃၇)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အကြို ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောက်တံတားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်က ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာနှင့် အဖွဲ့ဝင်များက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား တူညီဝတ်စုံ ထောက်ပံ့ပေးအပ်ခြင်း၊ ကျောက်တံတား ခရိုင်ရုံးမှ အငြိမ်းစား ယူသွားသည့် ဝန်ထမ်းများအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းနှင့် ဝန်ထမ်းများအား နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်များ မဲနှိုက်လဲလှယ်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်


