ရန်ကုန် နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာန မှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အခွန်အထောက်အကူပြုအဖွဲ့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်နန္ဒာဝင်းက အခွန်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားရာ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်စုစုပေါင်း ၁၁၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးအောင်(ဒဂုံတောင်)


