ဇီးကုန်း နိုဝင်ဘာ ၆

 

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဇီးကုန်းမြို့နယ် လယ်တွင်းကျေးရွာ အခြေခံပညာကျောင်း အလက(လယ်တွင်း)၌ ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခြင်းတို့ကို ဆောင်ရွက်သည်။

 

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သွယ်သွယ်လင်းက အမှာစကားပြောကြားပြီး ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက စာပေဖတ်ရှုခြင်းနှင့်ပတ်သက်၍ ဟောပြောခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်ရီရီမြင့်က ပုံပြင်စာအုပ်များ ဖတ်ပြခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ ကုန်ညွှန်းအမှတ်အသား ပြည့်စုံပါဝင်မှုနှင့် စားသုံးရန်မသင့်သော အစားအသောက်များအကြောင်းတို့ကို အသိပညာပေးဟောပြော၍ အသိပညာပေးနံရံကပ် စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)