ဇမ္ဗူသီရိ နိုဝင်ဘာ ၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဈေးများဖြစ်သည့် မြို့မစျေး၊ သပြေကုန်းစျေး၊ ရွှေကြာပင်စျေး၊ အင်ကြင်းစျေး၊ ချယ်ရီစျေး၊ သရဖီစျေး၊ ဂန္ဓမာစျေးများသို့ သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများ၊ မီးသတိပေး လက်ကမ်းစာစောင် အသိပညာပေးဖြန့်ဝေခြင်းများကို ယမန်နေ့က ဆောင်ရွက်သည်။
ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်၏ ဦးဆောင်ကြီးကြပ်မှု၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာစျေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ဈေးသူ ဈေးသားများ မီးသုံးစွဲခြင်းသတိမူရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးသတိပေးလက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


