စင်ကာပူ နိုဝင်ဘာ ၆

 

စင်ကာပူနိုင်ငံတွင် လိမ်လည်မှုကျူးလွန်သူများအား ကြိမ်ဒဏ်ပေးမည့် ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။

 

လိမ်လည်မှုကျူးလွန်သူများနှင့် လိမ်လည်မှုကျူးလွန်ရာတွင် ဂိုဏ်းဖွဲ့ဆောင်ရွက်သူများကို ကြိမ်ဒဏ်ခြောက်ချက်မှ နှစ်ဆယ့်လေးချက်အထိ ကျူးလွန်သည့်အမှုပေါ် မူတည်၍ ချမှတ်မည်ဖြစ်သည်။ လိမ်လည်မှုကျူးလွန်ရန် ဆင်းကတ်နှင့် ဘဏ်အကောင့်ဝေမျှသူများကို ကြိမ်ဒဏ်ချမှတ်မည်ဖြစ်သည်။ နိုင်ငံအတွင်း မကြာခဏဖြစ်လေ့ရှိသည့် လိမ်လည်မှုများကို တိုက်ဖျက်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စင်ကာပူအစိုးရက ပြောသည်။ ၂၀၂၄ ခုနှစ်တွင် လိမ်လည်မှု ၅၁၀၀၀ ဖြစ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကန်ဒေါ်လာ သန်း ၈၄၀ ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ နိုင်ငံအတွင်း ဓားပြမှု၊ အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများအတွက်လည်း ကြိမ်ဒဏ်ချမှတ်သည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- စိုးသူရ