မန္တလေး နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ၊ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းရာ ယနေ့နံနက်ပိုင်းက အလှူရှင် Millcon Thiha ကုမ္ပဏီလီမိတက်က အလှူငွေကျပ် သိန်း ၅၀၀ ကို ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားများ ပြောကြားသည်။
ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်


