ကိုလံဘို နိုဝင်ဘာ ၇
သီရိလင်္ကာနိုင်ငံသို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမငါးရက်အတွင်း ကမ္ဘာလှည့်ခရီးသည် ၃၂၈၁၅ ဦး လာရောက်ခဲ့ရာ ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည် စုစုပေါင်း ၁၉၂၃၅၀၂ ဦး လာရောက်လည်ပတ် လျက်ရှိကြောင်း သီရိလင်္ကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအာဏာပိုင် အဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
၂၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာ
အောက်တိုဘာလအတွင်း ကမ္ဘာလှည့်ခရီးသည် ၁၆၅၁၉၃ ဦး လာရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလက လာရောက်သည့် ၁၃၅၉၀၇ ဦးထက် ၂၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။
အိန္ဒိယခရီးသည် အများဆုံးလာရောက်
ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံသည် သီရိလင်္ကာနိုင်ငံသို့ ခရီးသည် ၄၃၁၂၃၅ ဦးဖြင့် ကမ္ဘာလှည့်ခရီးသည် အများဆုံးလာရောက်သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်က ယင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် စုစုပေါင်း ၂ ဒသမ ၀၅ သန်း လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


