ဂျကာတာ နိုဝင်ဘာ ၇

 

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အထက်တန်းကျောင်းတစ်ကျောင်း၌ ဖြစ်ပွားသောပေါက်ကွဲမှုတွင် ကျောင်းသား ကျောင်းသူများ အပါအဝင် လူ ၅၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က နိုဝင်ဘာ ၇ ရက်က ပြောသည်။

 

ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများ နိုဝင်ဘာ ၇ ရက် ဝတ်ပြုဆုတောင်းနေချိန်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

 

ရဲတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ထို့အပြင် အကြမ်းဖက်လုပ်ရပ် ဟုတ်မဟုတ်ကိုလည်း စုံစမ်းအဖြေ ရှာလျက်ရှိသည်။

 

အင်န်အိတ်ချ်ကေ