နယူးယောက် နိုဝင်ဘာ ၇

 

ယခုနှစ်ဆောင်းရာသီ အားလပ်ရက်ကာလအတွင်း အမေရိကန်၌ လက်လီရောင်းအားမှာ ပထမဆုံးအကြိမ် တစ်ထရီလီယံကျော်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

 

အမေရိကန် ဈေးဝယ်သူများသည် နိုဝင်ဘာလမှ ဒီဇင်ဘာလ ဈေးဝယ်ကာလအတွင်း ငွေကြေးသုံးစွဲမှုမှာ စံချိန်တင်မြင့်တက်လာမည်ဟု အမေရိကန် အမျိုးသားလက်လီအသင်းချုပ် (အင်န်အာအက်ဖ်) က ခန့်မှန်းထားသည်။ လက်လီအသင်းချုပ်၏ ခန့်မှန်းချက်အရ ခန့်မှန်းရောင်းအားမှာ ၁ ဒသမ ၀၁ ထရီလီယံမှ ၁ ဒသမ ၀၂ ထရီလီယံဒေါ်လာအထိ ရှိမည်ဟု သတ်မှတ်ထားသည်။

 

အားလပ်ရက်ရာသီ ရောင်းအားရလဒ်များသည် အမေရိကန်အခွန်စည်းကြပ်မှု၊ ငွေကြေးဖောင်းပွမှု ပြန်လည်ဖြစ်ပေါ်လာခြင်းနှင့် နှေးကွေးလာသော အလုပ်အကိုင် ဈေးကွက်အခြေအနေများသည် စျေးဝယ်သူများအပေါ် မည်သို့သက်ရောက်မှုရှိသည်တို့ကို ပြသနိုင်သည်။

 

အင်န်အိတ်ချ်ကေ