ရန်ကုန် နိုဝင်ဘာ  ၇

 

ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ မှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်၊ အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်ပြီး ဆုရရှိခဲ့သူများအား ဂုဏ်ပြုဆု၊ ချီးမြှင့်ငွေများပေးအပ်ကာ ဝန်ထမ်းများ အတွက် ဌာနဝတ်စုံများ ပေးအပ်၍ တက်ရောက်လာကြသူများအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)