နိုဝင်ဘာ ၈
ဗီယက်နမ်မြို့တော်ဟနွိုင်း၏ ယဉ်ကျေးမှုပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညက ကျင်းပခဲ့ပြီး ဗီယက်နမ်ယဉ်ကျေးမှုတန်ဖိုးများကို မြှင့်တင်ပေးကာ ဟနွိုင်းမြို့ကို ရိုးရာဓလေ့နှင့် ဆန်းသစ်တီထွင်မှုကြွယ်ဝသော မြို့တစ်မြို့အဖြစ် တင်ဆက်ပြသခဲ့သည်ဟု သိရသည်။
အဆိုပါဖွင့်ပွဲတွင် အနုပညာရှင် ၁၀၀၀ နီးပါးပါဝင်ကာ ဖျော်ဖြေခဲ့ပြီး ဧည့်သည် ၃၀၀၀ ခန့်တက်ရောက်ခဲ့ကြောင်း၊ ရိုးရာနှင့် ခေတ်ပြိုင်အနုပညာပုံစံအမျိုးမျိုးမှတစ်ဆင့် ဗီယက်နမ်၏ ယဉ်ကျေးမှုမျိုးစုံကို ပြသခဲ့ကြောင်း ဖော်ပြထားသည်။
ထိုပွဲတော်ကို "အမွေအနှစ်-ချိတ်ဆက်မှု-ခေတ်" ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စာပေဗိမာန်၊ ဟနွိုင်းပြတိုက်နှင့် ဟနွိုင်းမြို့ရှိ အခြားခရီးသွားနေရာများတွင် ယဉ်ကျေးမှုနှင့် အနုပညာပွဲများစွာ ပါဝင်မည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ


