မနီလာ နိုဝင်ဘာ ၉

 

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းဖန်ဝမ် တိုက်ခတ်မှုကြောင့် နှစ်ဦးသေဆုံးကြောင်း သိရသည်။

 

ကန်တန်ဒူနတ်ပြည်နယ် ဗီကိုဒေသတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် တစ်ဦးသေဆုံးကြောင်းနှင့် နိုင်ငံအလယ်ပိုင်း ဆယ်မာပြည်နယ်တွင် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးပြီး အမျိုးသမီးတစ်ဦး သေဆုံးကြောင်း သဘာဝဘေးစီမံခန့်ခွဲရေးရုံး တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၉ ရက်တွင်ပြောသည်။

 

နိုင်ငံအတွင်း ယခုနှစ်တွင် ၂၁ ကြိမ်မြောက်တိုင်ဖွန်းမုန်တိုင်းအဖြစ် တိုက်ခတ်ခဲ့သည့် ဖန်ဝမ်ကြောင့် ဒေသ ၁၂ ခုရှိ ဒေသခံ ၁ ဒသမ ၁ သန်းအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောသည်။ ၎င်းတိုင်ဖွန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ လူမှုဘဝလုပ်ငန်းများ ရပ်ဆိုင်းခြင်းဖြစ်နိုင်ကြောင်း သိရသည်။

 

၎င်းတိုင်ဖွန်းမုန်တိုင်းကြောင့် ကမယ်ရိန်းနော်တက်ပြည်နယ်တွင် လေပြင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ