ဘိုင်ယန်မြူးနစ်အသင်းဟာ ယူနီယံဘာလင်အသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြိုင်ပွဲစုံ ၁၆ ပွဲအထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ၁၇ ပွဲဆက် နိုင်ပွဲရရှိရေး မျှော်လင့်ထားတာဖြစ်ပါတယ်။

 

ဒါပေမဲ့ နိုဝင်ဘာ ၈ ရက်ညပိုင်းက ယူနီယံဘာလင်အသင်းနဲ့ ပွဲစဉ်မှာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ၁၇ ပွဲဆက် နိုင်ပွဲရရှိရေး မျှော်လင့်ချက်ပျက်ခဲ့ရပြီ ဖြစ်ပါတယ်။

 

သွင်းယူ

 

အဲဒီပွဲစဉ်မှာ ယူနီယံဘာလင်အသင်းအတွက် သွင်းဂိုးနှစ်ဂိုးစလုံးကို ဒိုခီတစ်ဦးတည်းက သွင်းယူပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတွေကိုတော့ လူးဝစ်ဒီယက်ဇ်က တစ်ဂိုး၊ ဟယ်ရီကိန်းက တစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

အခုပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ နောက်ဆုံးနှစ်ပွဲမှာ သုံးဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ဘိုင်ယန်မြူးနစ်အသင်းဟာ ယူနီယံဘာလင်အသင်းကို သရေသာကစားနိုင်ခဲ့ပေမယ့် ဂျာမန်ဘွန်ဒက်လီဂါ အမှတ်ပေးဇယားမှာတော့ ဒုတိယနေရာက လိုက်ပ်ဇစ်အသင်းကို ခြောက်မှတ်ဖြတ်ကာ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေတာဖြစ်ပါတယ်။

 

ငွေကြယ် - ရေးသားသည်