နေပြည်တော် နိုဝင်ဘာ ၉

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အတူ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် နိုင်ငံတော်ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံကိန်း)ဖြင့် ပံ့ပိုးငွေရယူ ဆောင်ရွက်ခဲ့သည့် ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစု(လီမိတက်)၏ သူဌေးကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံတွင် အောင်နိုင်တိုး မိုးစပါးစိုက်ဧက ၂၀ ရိတ်သိမ်းမှုကို ကွင်းဆင်းကြည့်ရှုသည်။

 

ကွင်းဆင်းကြည့်ရှုစဉ် ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က စပါးများရောင်းချရာတွင် အလေးချိန် မှန်ကန်မှုရှိစေရေး၊ ဈေးကောင်းရရှိစေရေးတို့အတွက် သမဝါယမဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ရွှေဇေယျာဆန်စက်နှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးဌာနနှင့် မြို့နယ်အသင်းစုဥက္ကဋ္ဌတို့က အသင်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ဆွေးနွေးတင်ပြခဲ့မှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်