အဲဗာတန်အသင်းဟာ နိုဝင်ဘာ ၈ ရက်ညပိုင်းက ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် သုံးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှု အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။
အဲဗာတန်အသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ပွဲစဉ်မှာ အဲဗာတန်အသင်းက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းအတွက် သွင်းဂိုးတွေကို ဂူယီနဲ့ မီခေးလ်ကီယန်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့လို့ အမှတ်ပေးဇယားအဆင့် (၁၁) နေရာ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းကတော့ အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့လို့ အဝေးကွင်းငါးပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရပြီဖြစ်ပြီး အမှတ်ပေးဇယားမှာလည်း အဆင့်(၁၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၄ ရက်မှာ မန်ယူအသင်းရဲ့ အိမ်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပြီး ဖူလ်ဟမ်အသင်းကတော့ နိုဝင်ဘာ ၂၂ ရက်မှာ ဆန်းဒါးလန်းအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။
ငွေကြယ် - ရေးသားသည်


