တန့်ယန်း နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိဌာနဆိုင်ရာများက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးတွင် နိုဝင်ဘာ ၉ ရက်က ပူးပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူများ မဲဆန္ဒရှင်စာရင်းများတွင် ပါရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)


