တိုကျို နိုဝင်ဘာ ၁၀

 

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း ဆန်ရီခုကမ်းရိုးတန်း၌ နိုဝင်ဘာ ၁၀ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရိ ၂၃ မိနစ်ခန့်က ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (ဂျေအမ်အေ) က ထုတ်ပြန်ကြေညာသည်။

 

အဆိုပါ ငလျင်အနက်မှာ ၁၀ ကီလိုမီတာခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင်ပြောင်းလဲမှုများ အနည်းငယ်ဖြစ်ပေါ်နိုင်သော်လည်း ငလျင်ကြောင့် ဆူနာမီအန္တရာယ်မရှိကြောင်း ဂျေအမ်အေက ပြောကြားသည်။

 

ဂျပန်နိုင်ငံ တိုဟိုခုဒေသတစ်ဝန်း နေရာအများအပြားတွင် ငလျင်စကေးအတိုင်းအတာ ၇ အထိရှိရာမှ အဆိုပါငလျင်မှာ အတိုင်းအတာ ၃ ရှိကြောင်း မှတ်တမ်းတင်ထားသည်။ လက်ရှိတွင် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

 

ဆင်ဟွာ