တောင်ကြီး နို၀င်ဘာ ၁၀
ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် ကျေးထပ် ကျေးရွာရှိ စီမံကိန်းသီးနှံ (သက်တံ့ရောင်စီမံကိန်း) စိုက်ပျိုးလျက်ရှိသည့် မြပုလဲစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်းလီမိတက်မှ မိုးစပါး ရိတ်သိမ်းမှု အခြေအနေကို ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက မိုးစပါး ရိတ်သိမ်းနေသည့် မြပုလဲစိုက်ပျိုး ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်မှ ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တစ်ဧကလျှင် ၁၁၃ တင်း ပျမ်းမျှထွက်ရှိကြောင်း၊ အသင်းမှ လိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့် စျေးကွက်ပိုမိုရရှိစေရေး သက်ဆိုင်ရာ မြို့နယ်သမဝါယမ အသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးပြီး သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့သည်။
ဝိုးတောင်း


