ရွှေကျင် နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်သည်။
အဆိုပါ ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရွှေကျင်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်သူ၏ ဦးဆောင်မှုဖြင့် သံဆိပ်ကျေးလက်ကျန်းမာရေးဌာန အနောက်ဘက် ကျေးလက်ကျန်းမာရေးဌာနခွဲအပိုင် အနောက်ဘက် ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စစ်ဆေးခြင်း၊ ကိုယ်ဝန်ဆောင်အားဆေး(KIRK Prenatal)များပေးခြင်း၊ ဗီတာမင်ဘီဝမ်းဆေးပြားပေးခြင်း၊ ကိုယ်ဝန်ဆောင်သန်ချဆေး တိုက်ကျွေးခြင်း၊ မမွေးဖွားမီ၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီး ဆောင်ရန်/ရှောင်ရန်များနှင့် ဒေသထွက်သားငါး၊ အသီးအရွက်များဖြင့် အာဟာရပြည့်ဝစွာ စားသောက်တတ်စေရန် ကျန်းမာရေးပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)


