ရေး နိုဝင်ဘာ ၁၁

 

နိုဝင်ဘာ ၁၄ ရက်တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် (မြို့နယ်အဆင့်) စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် ရေးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

 

အဆိုပါ ပြိုင်ပွဲများကျင်းပမှုကို ရေးမြို့နယ် နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ခိုင်ဇော်၊ ရေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်ခင်စန်းနှင့် မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးတို့က အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၁၀ ဦး၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၁၁ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၂၀၊ မူလတန်းအဆင့်စာစီစာကုံး ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၁၄ ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၂၀ နှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၂၀ တို့ ပါဝင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

 

ယခုကဲသို့ ကျင်းပပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထာဝစဉ်နိုးကြား တက်ကြွစေပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား၌ ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ရှင်းသန့်ဖြူ