မြိတ် နိုဝင်ဘာ ၁၁

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းကျေးရွာများ၏ လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပုလဲရတနာခန်းမ၌ ကျင်းပသည်။         

 

ဦးစွာ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက စီမံကိန်း အကြောင်းအရာများ၊ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက စီမံကိန်းကျေးရွာများရှိ သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သည်။

 

မြိတ်ခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ စီမံကိန်းလုပ်ငန်းကို ကျေးရွာတစ်ရွာလျှင် ငွေကျပ် ၁၄ သန်းဖြင့် ကျေးရွာသုံးရွာတွင် ဆောင်ရွက်ခဲ့ပြီး စားသောက်ကုန်သင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းများ ဖွင့်လှစ်ခဲ့ကာ ထူးချွန်သင်တန်းသူ ၁၅ ဦးအား တစ်ဦးလျှင် ၁၆ သိန်းနှင့် ညီမျှသော လုပ်ငန်းသုံးစက် ပစ္စည်းကိရိယာများ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ 

    

ခိုင်ထူး(ပြန်/ဆက်)