သာကေတ နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် စားအုန်းဆီများ ပြည်သူများ၏ လက်ဝယ်အရောက် လွယ်ကူသက်သာစွာ စားသုံးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် သက်ဆိုင်ရာ ဆီကိုယ်စားလှယ်များက ရောင်းချပေးလျက်ရှိသည်။
ရောင်းချပေးလျက်ရှိ
ယင်းသို့ စားအုန်းဆီရောင်းချ ပေးခြင်းကို Myanmar Top Notch Company Ltd ၊ MYANMAR UNITED ASIA SERVICES Co.,Ltd ၊ GD GOOD GOLDEN Co.,Ltd တို့က ရောင်းချပေးသည့် သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဆီလက်ကား အရောင်းကိုယ်စားလှယ် ခုနစ်ဦးတို့က မြို့နယ်အတွင်း သတ်မှတ် ရပ်ကွက်များရှိ လက်လီကိုယ်စား လှယ်ဆိုင် ၁၄၃ ဆိုင်သို့ ပြန်လည် ဖြန့်ဝေခဲ့ပြီး ယင်းမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်များအတွင်းသို့ အိမ်ထောင်စုလူဦးရေ စာရင်းရှိသူများ၊ ဧည့်စာရင်းဖြင့် နေထိုင်သူများကို စားအုန်းဆီထုတ်ယူခွင့် စာအုပ်ဖြင့် တစ်လလျှင် အိမ်ထောင်စုတစ်စုအတွက် သုံးပိဿာစီ ပြန်လည်ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
အိရွှေစင်လတ်(သာကေတ)


