တာချီလိတ် နိုဝင်ဘာ ၁၁

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပြည်နယ်အဆင့်မှ ဗဟိုအဆင့်သို့ ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်ရန် တာချီလိတ်မြို့နယ်မှ ထူးချွန်ကျောင်းသား ကျောင်းသူ ငါးဦး ရွေးချယ်ခံရသည်။

 

 တာချီလိတ်မြို့နယ်အတွင်း Grade- 5၊ Grade- 6၊ Grade-7၊ Grade-8၊ Grade-9 အတန်းလိုက် ရွေးချယ်မှုများကို အောက်တိုဘာလအတွင်း ဆောင်ရွက်ခဲ့ပြီး ပြည်နယ်အဆင့် သွားရောက် ယှဉ်ပြိုင်ခဲ့ရာ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် တွဲဖက် အထက (ပုန်းထွန်)မှ Grade - 5ကျောင်းသား မောင်ဆန်းဒေါင်းရှာလောမ်ဒီး၊ အထက (တာချီလိတ်)မှ Grade -6 ကျောင်းသူ မထက်မော်ကွန်းခင်၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade -8 ကျောင်းသူ မအိအိဖြိုးနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် အထက (ဟောင်လိတ်)မှ Grade -8 ကျောင်းသား မောင်ကောင်းဆက်သာ၊ အထက (တာချီလိတ်)မှ Grade -9 ကျောင်းသူ မဆောင်းကူးမေတို့သည် ပြည်နယ်အဆင့်မှ ဗဟိုအဆင့်သို့ ဆက်လက်ယှဉ်ပြိုင် သွားရမည်ဖြစ်သည်။

 

အဆိုပါ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်)ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်မှ နှစ်ဦး၊ တာချီလိတ်မြို့နယ်မှ ငါးဦး၊ မိုင်းဖြတ်မြို့နယ်မှ တစ်ဦး၊ မိုင်းဆတ်မြို့နယ်မှ တစ်ဦး၊ မိုင်းခတ်မြို့မှ တစ်ဦး စုစုပေါင်း ၁၀ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)