သထုံ နိုဝင်ဘာ ၁၁
မွန်ပြည်နယ် သထုံခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့ နန်းခဲရပ်ကွက်ရှိ ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲအဖြစ် ALL STAR (ပေါ်တော်မူ) ဘောလုံးအသင်းနှင့် စောကရင်(ဈေးမသွယ်) ဘောလုံးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ သထုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင် ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပထမဆုရရှိခဲ့သည့် စောကရင်(ဈေးမသွယ်) ဘောလုံးအသင်းအား ဂုဏ်ပြုဆုဖလားနှင့် ဆုတံဆိပ်တို့ကို ချီးမြှင့်ပေးအပ်သည်။ ထို့နောက် တာဝန်ရှိသူတို့က ဒုတိယဆု၊ ပူးတွဲတတိယဆုနှင့် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)


