သာစည်  နိုဝင်ဘာ  ၁၁

 

သာစည်မြို့နယ်၌ ဒုတိယအကြိမ်ကြေညာမည့် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်စစ်ဆေးခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီး အရာရှိ ဦးကျော်စိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်စိုးနှင့် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက ကြည့်ရှုကြပြီး တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

ဒုတိယအကြိမ် မဲစာရင်းများကို နိုဝင်ဘာ ၁၅ ရက်မှ ၂၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများနှင့် ကျေးရွာများ၌ ကပ်ထား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

         

မြို့နယ်(ပြန်/ဆက်)