ကြံခင်း နိုဝင်ဘာ ၁၁
ဧရာဝတိုင်းဒေသကြီး ကြံခင်းမြို့နယ် ဆုံလဲအုပ်စုနှင့် သောကြာဒူး အုပ်စုတို့တွင် သမဝါယမအသင်းပိုင် ကိုင်းမြေများပေါ်၌ ဆောင်းသီးနှံ (မြေပဲ၊ ပဲပုပ်၊ ခရမ်းချဉ်) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို ယမန့်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြသည်။
ထိုသို့ကြည့်ရှုရာတွင် ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများက ဆုံလဲအုပ်စု ဆိပ်သာကျေးရွာ ပေတောမြေနုကွင်း ၄၂ ဧကတွင် ကြည်သာဇော် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မြေပဲ(မကွေး-၁၁)၊ ပဲပုပ်နှင့် ခရမ်းချဉ် စိုက်ပျိုးထားရှိမှု၊ တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် သောကြာဒူးအုပ်စု ကရင်စု ကျေးရွာ ကွင်းအမှတ်(၉) ပန်းပျိုးမာလာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် (ရေဆင်း-၁၁) မြေပဲ ငါးဧက အောင်မြင်ဖြစ်ထွန်းနေမှုနှင့် မြေပဲစိုက်ခင်းများ ရွက်ဖျန်းအားဆေး ပက်ဖျန်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)


