ရေး နိုဝင်ဘာ ၁၂

 

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပြုလိုက်နာကြစေရန်နှင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အသိပေးနှိုးဆော်ခြင်းများကို နိုဝင်ဘာ ၁၁ ရက်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသန်းဌေးအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်း မီးလောင်လွယ်စေသော လောင်စာဆီများ သိုလှောင်ခြင်း မပြုကြစေလိုကြောင်း၊ ထင်း/မီးသွေးများသုံးစွဲရာတွင် မီးကြွင်းမီးကျန်များ မကျန်ရှိစေရန်နှင့် အဆိုပါ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးကူးစက်၍ မီးလောင်မှုများ ဖြစ်ပွားနိုင်သောကြောင့် ပြည်သူတစ်ဦး/ တစ်ယောက်ချင်းမှစ၍ သတိပြုကြစေလိုကြောင်းနှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို အသိပေးနှိုးဆော်သည်။ အလားတူ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကို ကျန်ရှိသည့်ရပ်ကွက်များတွင် ဆက်လက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။                           

ရှင်းသန့်ဖြူ