ရေတာရှည် နိုဝင်ဘာ ၁၂

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များမဲပေးမည့် မဲရုံစီစဉ်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ်နှင့် ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီရှိ ရပ်/ကျေးများတွင် မဲရုံထားရှိမည့်နေရာများသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲရုံထားရှိမည့်နေရာများကို လိုက်လံစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

 

ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် အထက (ရေတာရှည်) အောင်ဆန်းခန်းမ၌ ဝန်ထမ်းများနှင့် ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် မဲပေးသရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)