နေပြည်တော် နိုဝင်ဘာ ၁၂

 

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင်  စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဂီတအနုပညာရှင်များက အသိပညာပေးနှိုးဆော်မှုများ ရိုက်ကူးရေးတွင် ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် တေးသံရှင် ဖြိုးကြီး၊ ဝေကြီး၊ ဝန၊ ဖြိုးပြည့်စုံ၊ သားငယ်၊ သားသား၊ ဖြိုးလေး၊ ပိုပို၊ ချယ်ရီသင်း၊ ထိုက်ထိုက်၊ မိဖူး၊ ထက်အဉ္စလီ၊ Mဆိုင်းလူ၊ Mary နှင့် မေတို့က နိုဝင်ဘာ ၁၀ ရက်နှင့် ယနေ့နိုဝင်ဘာ ၁၂ ရက်တို့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်ကြခြင်း ဖြစ်သည်။

 

ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနှင့်သာ ဖော်ဆောင်နိုင်မည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက ရွေးကောက်ပွဲကြီးတွင် ပါဝင်မဲပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကို အတူတကွ ဖော်ဆောင်နိုင်ရန်အတွက် ပြည်သူချစ်သော ဂီတအနုပညာရှင်များကလည်း တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းနှင့် ဆက်လက်ပြီးလည်း ဂီတအနုပညာရှင်များစွာ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်