မြဝတီ နိုဝင်ဘာ ၁၂
အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပြန်လည်စိစစ်စစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်သည်။
စိစစ်ဆောင်ရွက်
ထိုသို့ ဆောင်ရွက်ရာတွင် နိုဝင်ဘာ ၁၀ ရက်မှစတင်၍ မြဝတီမြို့ပေါ် အမှတ် (၁) ၊ (၂) ၊ (၃)၊ (၄)၊ (၅)၊ (၆)၊ (၇) ရပ်ကွက်များ၏မဲစာရင်းများ မှန်ကန်စေရေးအတွက် ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်သော စိစစ်ရေးအဖွဲ့များက မဲစာရင်းပြည့်စုံ မှန်ကန်စေရေး၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမဖြစ်ပေါ်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း၍ စိစစ်ဆောင်ရွက်ခဲ့ကြသည်။
အလားတူ မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


