တိုကျို     နိုဝင်ဘာ     ၁၂

ဂျပန်နိုင်ငံရှိ     လူနေထူထပ်သည့်ဒေသများတွင်  ဝက်ဝံတိုက်ခိုက်မှုများလာသဖြင့်  ၎င်းကိစ္စကို  ဖြေရှင်းဆောင်ရွက်ရေးအတွက် ဂျပန်အစိုးရက အစီအမံများချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။

ဝက်ဝံများအား ပစ်ခတ်တိုက်ခိုက်ရန်အတွက် ဒေသခံများအား သေနတ်အသုံးပြုပုံကို သင်ကြားပေးမည်ဖြစ်ကာ ၎င်းအစီအမံတွင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်မည်ဖြစ်သည်။

ဝက်ဝံများအား ရိုင်ဖယ်သေနတ်အသုံးပြု၍ သုတ်သင်မည်ဖြစ်ကာ ကျွမ်းကျင်သူများက သုတ်သင်ရာတွင် ဆောင်ရွက်ရမည့်အချက်များနှင့် ဝက်ဝံများအား လူနေထူထပ်သည့်နေရာများမှ ဘေးကင်းရာသို့ ရွှေ့ပြောင်းရေးဆောင်ရွက်ပုံကို သင်ကြားပြသမည်ဖြစ်သည်။ ဝက်ဝံကာကွယ်ရေး ဆောင်ရွက် ရာတွင် လိုအပ်သည့်ငွေကြေးများကို  ထောက်ပံ့မည်ဖြစ်သည်။  ဝက်ဝံများ၏ အရေအတွက်ကို လိုက်၍ ရေရှည်တွင် ဘေးမဲ့ကြိုးဝိုင်းများကို ဆောင်ရွက်မည်ဟု သိရသည်။

ဝက်ဝံသုတ်သင်ရေးအတွက် အစိုးရအဖွဲ့အစည်းအဝေးကို လာမည့်ရက်များအတွင်း ကျင်းပမည်ဟု သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ