မုဒုံ နိုဝင်ဘာ ၁၂
မုဒုံမြို့တွင် တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်းကို ယမန်နေ့က ကျောက်တစ်လုံး ကျေးရွာရှိ မြိုင်ကုန်း ဘုန်းကြီးကျောင်း၌ ပြုလုပ်သည်။
အခမ်းအနားတွင် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီး ခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များ၊ လက်ထောက် ညွှန်ကြားရေးမှူးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ၊ ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိက အမျိုးသမီး/ မသန်စွမ်း/ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာ မူဝါဒ၊ လူမှုရေးပင်စင်ဆိုင်ရာ ကိစ္စရပ်များ၊ ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ပလတ်စတစ် ညစ်ညမ်းခြင်းအကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)


