ပေါက်ခေါင်း နိုဝင်ဘာ ၁၂

 

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် သစ်တောဦးစီးဌာန ပြည်ခရိုင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ခရိုင်အဆင့် အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် အထက (ပေါက်ခေါင်း) ကျောင်းအုပ်ဆရာကြီး ဦးညွန့်ဝင်းက အမှာစကားပြောကြားပြီး သစ်တောဦးစီးဌာန ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်စိုးက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ထွေးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ 

ဖုန်းကျော်ဇင်(ပြန်/ဆက်)