မုံရွာ     နိုဝင်ဘာ     ၁၂

စစ်ကိုင်းတိုင်းဒေသကြီး အားကစားအောင်နိုင်ရေးနှင့် ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းများအလိုက် ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားပြိုင်ပွဲများကို ဝန်ထမ်းများ လုပ်ငန်းခွင်တွင် ကျန်းမာပျော်ရွှင်မှုရှိစေရေးနှင့် ဌာနအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိရေးအတွက် ကျင်းပရခြင်းဖြစ်ပြီး  စည်းလုံးညီညွတ်စွာ ပါဝင်ယှဉ်ပြိုင်ကြရန်   လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန  တိုင်းဒေသကြီး   ဦးစီးမှူးက အားကစားအောင်နိုင်ရေးနှင့် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး အားကစားနည်းများအလိုက် ဆပ်ကော်မတီ ဥက္ကဋ္ဌများက တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီး အားကစားအောင်နိုင်ရေးနှင့် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    

တိုင်းဒေသကြီး(ပြန်/ဆက်)