ရန်ကုန် နိုဝင်ဘာ ၁၂
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် The Great Merger Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AVATR 12A (ULTRA) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ UV Auto-motive Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် HONGQI EHS7 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် N.P.K Motors Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Leapmotor B10 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်


