လှည်းကူး နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ငလျင်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ရေး သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း(လှည်းကူး)၌ ပြုလုပ်သည်။
အခမ်းအနားတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ငလျင်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ငလျင်လှုပ်ခတ်ပါက ခိုလှုံရာနေရာသို့ ရွှေ့ပြောင်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ရှေးဦးပြုစုခြင်း၊ ဆေးရုံဆေးခန်းသို့ပို့ဆောင်ခြင်း၊ အစားအစာရိက္ခာ ဝေငှခြင်း၊ ခိုလှုံရာနေရာမှ ပြန်လည်ထွက်ခွာခြင်း လုပ်ငန်းများကို ကျောင်းသား ကျောင်းသူများနှင့် ပူးပေါင်း၍ လက်တွေ့ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုကြပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်ဦး


