ရန်ကုန်    နိုဝင်ဘာ   ၁၂

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ကျောင်းစာကြည့်တိုက်များ  ဖွံ့ဖြိုးတိုးတက်ရေးနှင့်   စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ   အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ   မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၂) ဦးမြင့်အေးက   အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက်   စာရေးဆရာမ ပေါက်ပေါက်က   “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ဟောပြောပြီး  လူငယ်စကားဝိုင်း ကျင်းပရာ လူငယ်စကားဝိုင်းတွင် ဦးဆောင်သူအဖြစ်    ဒဂုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူဟိန်းက ဆောင်ရွက်ပြီး ဗဟန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား  ကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်စာပေ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကျောင်းသား ကျောင်းသူများက စကားပုံဆက်ပြိုင်ပွဲ၊ ကြက်​ဥကောက်ပြိုင်ပွဲ၊  ခါးလှည့်ကွင်းပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ ဘယ်ခြေညာလက် ခါးလှည့်ကွင်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အနိုင်ရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်သူဟိန်း(ပြန်/ဆက်)