နတ်တလင်း နိုဝင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး တွေ့ဆုံပွဲကျင်းပသည်။
ဦးစွာ သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဖေအောင်သူက အမှာစကားပြောကြားကာ ပြည်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြက ဒုတိယအကြိမ် မဲစာရင်းများပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး နတ်တလင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


