ပန်းတနော်    နိုဝင်ဘာ   ၁၂

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန ရွှေနော်သီရိခန်းမ၌   နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက လယ်ယာမြေဥပဒေနှင့် အခြားနည်းသုံးစွဲခွင့်ရရှိရေး ဆောင်ရွက်ရမည့်   လုပ်ငန်းအဆင့်ဆင့်    ရှင်းလင်းဆွေးနွေးသည်။ 

ဆွေးနွေးပွဲတွင်  ငါးမွေးကန်တောင်သူများ တက်ရောက်ကြပြီး ပန်းတနော်မြို့နယ် မြေစာရင်းဦးစီးဌာနမှူး    ဦးဇော်မျိုးလွင်က လယ်ယာမြေဥပဒေနှင့် အခြားနည်းသုံးစွဲခွင့်ရရှိရေး ဆောင်ရွက်ရမည့်   လုပ်ငန်းအဆင့်ဆင့်နှင့် လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရရှိဘဲ ငါးမွေးကန်တူးဖော်သည့် လုပ်ငန်း များ မရှိစေရေး၊ ငါးမွေးတောင်သူများမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ငါးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျလုပ်ကိုင်သွားရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)