ရီယာ့ဒ်  နိုဝင်ဘာ  ၁၂

ဆော်ဒီအာရေဗျနိုင်ငံသည် ရေရှည်တည်တံ့သည့် စီးပွားရေးကို အကောင်အထည်ဖော်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် ခရီးသွားကဏ္ဍကို နိုင်ငံ၏ ဒုတိယ အကြီးဆုံး စီးပွားရေးကဏ္ဍဖြစ်အောင်လုပ်ဆောင်ရန်    ရည်ရွယ်ထားသည်ဟု       ခရီးသွားလာရေး ဒုတိယဝန်ကြီး မာမွတ်အဗ္ဗဒူဟာဒီက နိုဝင်ဘာ ၁၁ ရက်တွင် ပြောသည်။

(၂၆)ကြိမ်မြောက်  ကုလသမဂ္ဂခရီးသွားလာရေး အထွေထွေညီလာခံအပြီးတွင် အဗ္ဗဒူဟာဒီက အစိုးရ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများတွင် အရေးပါသော  ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံတွင်  နိုင်ငံတစ်ဝန်း  လေဆိပ်  ၂၉  ခုရှိပြီး လမ်းနှင့်  ရထားလမ်းကွန်ရက်များ   ဖွံ့ဖြိုးနေကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။

ဆော်ဒီအာရေဗျနှင့် တရုတ်နိုင်ငံတို့ကြား စီးပွားရေးအရ ခိုင်မာအားကောင်းသည့်ဆက်ဆံရေးရှိပြီး ဆော်ဒီနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံသည် အရေးကြီးသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း  ၎င်းက ဆက်လက်ပြောကြားသည်။

တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ကျွမ်းကျင်သူများ၊  နည်းပညာများဖြင့်   ဆော်ဒီအာရေဗျနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရာတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ခဲ့ပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် နှစ်ပေါင်းများစွာတိုင် ဆက်လက်ရှိနေဦးမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

ဆင်ဟွာ