ရန်ကုန် နိုဝင်ဘာ ၁၅
အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအကြိုပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၁၇ အသင်းသည် တရုတ် ယူ-၁၇ အသင်းနှင့် နိုဝင်ဘာ ၁၅ ရက်က ဒုတိယခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာ ယူ-၁၇ အသင်းသည် တရုတ်ခြေစမ်းခရီးစဉ်တွင် တရုတ် ယူ-၁၇ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ နိုဝင်ဘာ ၁၂ ရက်က ပထမခြေစမ်းပွဲကစားရာ လေးဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ယခုပွဲတွင် ပြန်လည်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၇ အသင်းအတွက် အနိုင်ဂိုးများကို ၇၁ မိနစ်တွင် ကောင်းခန့်၊ ၇၇ မိနစ်တွင် ညီညီသန့်တို့က သွင်းယူခဲ့သည်။
သတင်း - မောင်စံကြီး၊ ဓာတ်ပုံ - MFF


