ညောင်ဦး နိုဝင်ဘာ ၁၅

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ RUNDERFUL BAGAN TEMPLE RUN 2025 မာရသွန်အပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီတွင် ပုဂံမြို့တောင်ဘီကျေးရွာ အာနန္ဒာဘုရားကြီး တောင်ဘက်မုခ်ကွင်းပြင်၌ စတင်တာလွှတ်သည်။

 

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးသောင်းအေး(ငြိမ်း)၊ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုတို့က အချက်ပြတာလွှတ်ပေးကြသည်။

 

RUNDERFUL BAGAN TEMPLE RUN 2025 မာရသွန်အပြေးပြိုင်ပွဲ ၁၀ ကီလိုမီတာတန်း၌ အမျိုးသား အမျိုးသမီး ၄၁၁ ဦး၊ ၂၁ ကီလိုမီတာ တန်း၌ အမျိုးသား အမျိုးသမီး ၄၆၀၊ ၄၂ ကီလိုမီတာ တန်း၌ အမျိုးသား အမျိုးသမီး ၁၁၀ စုစုပေါင်း ပြိုင်ပွဲဝင် ၉၈၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယဗိုလ်ချုပ်ကြီးသောင်းအေး (ငြိမ်း)၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ကိုဦး၊ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။

 

မာရသွန်အပြေးပြိုင်ပွဲ ၁၀ ကီလိုမီတာတန်းတွင် ဆုရရှိခဲ့သည့် အပြေးအားကစားသမားများအား ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ်သုံးသိန်း၊ တတိယဆု ငွေကျပ် နှစ်သိန်း၊ ၂၁ ကီလိုမီတာတန်းတွင် ဆုရရှိခဲ့သည့် အပြေးအားကစားသမားများအား ပထမဆု ငွေကျပ် ခုနစ်သိန်း၊ ဒုတိယဆု ငွေကျပ် ငါးသိန်း၊ တတိယဆု ငွေကျပ် သုံးသိန်းနှင့် ၄၂ ကီလိုမီတာတန်းတွင် ဆုရရှိခဲ့သည့် အပြေးအားကစားသမားများအား ပထမဆု ငွေကျပ် ၁၀ သိန်း၊ ဒုတိယ ဆု ငွေကျပ် ခုနစ်သိန်း၊ တတိယဆု ငွေကျပ် ငါးသိန်း နှင့် MARS Co.,ltd.Beroco Co.,Ltd.Herbal Active Co.,Ltd. တို့က လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဒီပါလင်း