ရန်ကုန် နိုဝင်ဘာ ၁၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ရုံးချုပ်နှင့် ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၄)လမ်းမကို (၈)လမ်းသွား လမ်းမကြီးအဖြစ် လမ်းတိုးချဲ့ရာတွင် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမတစ်လျှောက် လမ်းတိုးချဲ့ရာတွင် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်ပြီးစီးမှု၊ ဓာတ်အားလိုင်းများ သွယ်တန်းပြီးစီးမှု၊ နုတ်သိမ်းပြီးတိုင်ဟောင်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ လှော်ကားတာဆုံအနီးရှိ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းများနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းဟောင်းများအား ဓာတ်အားလိုင်းတိုင်သစ်များပေါ်သို့ ပြောင်းရွှေ့တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်သုံးပစ္စည်းများ၊ ဆယ်တင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအချိန်မီပြီးစီးရေး စနစ်တကျဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်ဆောင်(YESC)


