ရန်ကုန်    နိုဝင်ဘာ  ၁၆

မြန်မာနိုင်ငံ I.S.P.E WFC  အမျိုးသမီးဘောလုံးအသင်းနှင့် မြောက်ကိုရီးယားနိုင်ငံ NAEGO- HYANG WFC အမျိုးသမီး ဘောလုံးအသင်းတို့၏ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်ကို    ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။

အဆိုပါ   အမျိုးသမီး  ဘောလုံးအသင်းတို့၏  အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ  ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊  အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် ဘောလုံးပရိသတ်များက ကြည့်ရှုအားပေးကြရာ  ပွဲပြီးဆုံးချိန်တွင် မြောက်ကိုရီးယား နိုင်ငံ NAEGO- HYANG WFC အမျိုးသမီးဘောလုံးအသင်းက သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသွား သည်။

မြန်မာနိုင်ငံ  I.S.P.E WFC အမျိုးသမီးဘောလုံးအသင်းသည် အာရှအမျိုးသမီး    ချန်ပီယံလိဂ်ပြိုင်ပွဲ  အုပ်စု(C)တွင် တောင်ကိုရီးယားနိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံ အမျိုးသမီးကလပ်အသင်းများဖြင့်   ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)