ရန်ကုန် နိုဝင်ဘာ ၁၆

 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ပုသိမ်ညွန့်ရပ်ကွက် သဒ္ဓမ္မဗျူဟာဓမ္မာရုံ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌက အမှာစကား‌ပြောကြားပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ရေသန့်ဌာနမှ တာဝန်ခံ ဒေါ်ရွှေစင်မြတ်နှင့် သန့်ရှင်းရေး တာဝန်ခံ ဦးအောင်‌အောင်တို့က ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေး အကြောင်းအရာများ ဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်‌ဝေသည်။

 

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)