ဘီးလင်း နိုဝင်ဘာ ၁၆

 

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ စက်သုံးဆီရောင်းချလျက်ရှိသော ဆီဆိုင်များအား ပုံမှန်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းမှစတင်ကာ တာဝန်ရှိသူများက စစ်ဆေးသည်။

 

အဆိုပါ စက်သုံးဆီဆိုင်များ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းတင်နှင့် ကော်မတီ အဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော SOLO ဆီဆိုင်၊ DENKO ဆီဆိုင်၊ PUMAR ဆီဆိုင်၊ ROYAL ဆီဆိုင်နှင့် ပြည့်ဝဆီဆိုင်များသို့ သွားရောက်ကာ စက်သုံးဆီရောင်းချသည့် စျေးနှုန်းများစစ်ဆေးခြင်း၊ ရောင်းချဆီလီတာများ ပြည့်၊ မပြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး စက်သုံးဆီ အသုံးပြုသူများ ဆီပြတ်တောက်မှုမရှိအောင် စနစ်တကျရောင်းချပေးရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား ထပ်ဆင့်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)