ဆိပ်ဖြူ နိုဝင်ဘာ ၁၆

 

ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ရှင်းလင်းဆွေးနွေး

 

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူလဲ့ဇင်က မုန်တိုင်းဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များနှင့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ရီရီချို(ပြန်/ဆက်)